ခု ဘ ဝ မှာ တော့
လုပ် ထား နှင့် ဦး ပေါ့ ။ ။
ဟံလင်း

ခု ဘ ဝ မှာ တော့
လုပ် ထား နှင့် ဦး ပေါ့ ။ ။
ဟံလင်း
ခင်ဗျားကလည်း ကျုပ်ကို
ကျုပ်ကလည်း ခင်ဗျားကို
မြင်ဖူးသလိုလို ။ ။
ဟံလင်း
ကျုပ်က လူမှန်းသိတတ်စအရွယ်
ခင်ဗျား ကျုပ်ကိုခါးပတ်နဲ့ဆော်တယ် ။ ။
ဟံလင်း
ကျုပ် ကိုးကွယ်တယ်
ကျုပ်စာအုပ်စင်ကိုပဲ ။
ခင်ဗျား ကိုးကွယ်တယ်
ခင်ဗျားမိန်းမကိုပဲ ။
ဟံလင်း
ခင်ဗျားက ကျုပ်ကို
သွားခိုင်းတယ်
ပြည့်တန်ဆာတွေဆီ ။ ။
ဟံလင်း
ကျုပ်က
ခင်ဗျားတို့သားဗျ
မိ မဆုံးမ ဖ မဆုံးမ ။ ။
ဟံလင်း
ထောင်ထဲအထိ ငါရုန်းပြေးလည်း
ဘယ်သူ့သားလဲ လိုက်ပြီးမေးဆဲ ။ ။
ဟံလင်း